ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လုံးကျွတ် နှစ်ဦးသံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် ဆရာတော်များ၏ သြဝါဒကိုခံယူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့် မြို့နယ်လုံးကျွတ်နှစ်ဦးသံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမစလင်းကျောင်းတိုက်ရှေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဥူးမေဓါနန္ဒအမှူးပြုသည့် သံဃာ့နာကအဖွဲ့ ဆရာတော်များ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်းမှ ဆရာတော်သံဃာတော် ၂၁၂ ပါးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်နေပြည်သူများက သတ်မှတ်နေရာအသီးသီးတွင် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမစလင်းကျောင်းတိုက်ရှေ့မှ ခနောင်တိုအရှေ့ရပ်ကွက် ဘုန်းတော်တိုးစေတီတော်ရှေ့ထိ ဗဟိုလမ်းမကြီးတစ်လျှောက် စုပေါင်း၍ နှစ်ဦးသံဃာ့ဒါန ဆွမ်းဆန်းစိမ်းလောင်းလှူခဲ့ကြသည်။

ဆရာတော်သံဃာတော်များ ဆွမ်းဆန်စိမ်းလှည့်လည်အလှူခံရာတွင် အခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များ လိုက်လံကုသိုလ်ပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)