ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ လိုက်လံကြည့်ရှုစစ်ဆေး

ဒဂုံမြောက် ဇန်နဝါရီ

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသုံးပြုမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံမြို့သစ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် မဲရုံများ ပြင်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့ပြီး မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံပတ်ဝန်းကျင်လုံခြုံရေးအခြေအနေနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များနှင့် ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်များကို မှာကြားခဲ့‌ကြောင်း တင်းရရှိသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)