ကြည့်မြင်တိုင် ဇန်နဝါရီ ၈
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် တာဝန်ထမ်းဆောင်မည့် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၆ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်ရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် ၂၂ ရပ်ကွက်ရှိပြီး ရပ်ကွက်များအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ မဲရုံ (၄၈) ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲဆန္ဒနယ်များအလိုက် သွားရောက်မည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)