ကွမ်းခြံကုန်းမြို့နယ်‌တွင် စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ရီရီချိုဖ (စာထောက်-၃) က ဘောဂဗလ၊ ကာယဗလ၊ ဥာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလစသည့်ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန်နှင့် စာပေသည်မကောင်းမြစ်တာ ကောင်းရာညွှန်ပြနိုင်ကြောင်း၊ စာဖတ်သူကို ဉာဏ်အလင်းရောင်ရအောင် ပေးဆောင်နိုင်ကြောင်း၊ စာပေသည်လူသားတို့၏ ဘဝရှေ့ဆောင်မီးရှူးရောင်ဆိုသည့် စကားအတိုင်းလောကတွင် အမှောင်ခွင်း၍ အလင်းဆောင်သူများမှာ စာပေသာဖြစ်ကြောင်းနှင့် စာမဖတ်ခြင်းက သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး စာဖတ်ခြင်းဖြင့်သင့်ဘဝကို တောက်ပစေမှဖြစ်ကြောင်းကို ဟောပြောခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းသား/သူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/‌ဆက်)