‌မိုင်းဖြတ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

မိုင်းဖြတ် ဇန်နဝါရီ ၈ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်‌ဆောင်ရွက်နေပြီဖြစ်ရာ ယမန်နေ့နံနက်ပိုင်းက မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်တွေ့ဆုံခြင်း၊ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက် ကိုင်တွင်အသုံးပြုနည်းများ ထပ်ဆင့်ရှင်းလင်းပြသခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ဆင်ရေးကွပ်ကဲရေးမှူးက အမှာစကားများ‌ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် လုပ်ငန်းအဆင့်ဆင့်အလိုက် ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်/မြို့နယ်မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်များ၏ တာဝန်များအဆင့်ဆင့်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက မဲရုံမှူး၊ ဒုမဲရုံမှူးများကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်းပြသခဲ့ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးများကို လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)