အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်မှ လဲချားမြို့‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံ

လဲချား ဇန်နဝါရီ

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်သည် ယ‌နေ့မွန်းလွဲ ၂ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့သို့‌ ရောက်ရှိပြီး မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သီရိဟံသာခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၆ အပိုင်း၂တွင် ကျင်းပမည့် လဲချားမြို့နယ်အနေဖြင့် ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စအရပ်ရပ်များနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လဲချားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်များနှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခဲ့ကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)