ရန်ကုန် ဇန်နဝါရီ ၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် သန်လျင်မြို့နယ်အတွင်းရှိ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က (၄) ကျောင်းများမှ Grade 12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာများ ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ပြုလုပ်ခဲ့သည်။
တက္ကသိုလ်တန်းအောင်ချက်မြင့်မားရေးအတွက် ဆရာကြီးဒေါက်တာအေးဖေက (ဇီဝဗေဒ) ဘာသာရပ်ကိုလည်းကောင်း၊ ဆရာကြီး ဒေါက်တာမြတ်ကျော်သူက (ဓါတုဗေဒ) ဘာသာရပ်ကိုလည်းကောင်း၊ ဆရာမကြီးဒေါ်ဝင်းသိင်္ဂီရွှေက (အင်္ဂလိပ်စာ) ဘာသာရပ်များအား အသီးသီးဆွေးနွေးပို့ချကြသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ