ပန်းတောင်း သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး (၂)လွှတ်တော် ကိုယ်စား လှယ် ဒေါ်ပပဟန်၊ ထွေ/အုပ် ဒုဦးစီးမှူး ဦးမြတ်မင်းကိုတို့မှ ပန်းတောင်းမြို့နယ် အတွင်းရှိ ရပ်ကွက် /ကျေးရွာ အုပ်စု (၄၉)အုပ်စု ၏ အိမ်ထောင်စုပေါင်း (၁၃၉၀၈) အိမ်ထောင်စုအား အိမ်ထောင်စုတစ်စုလျှင် ငွေ (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၇၈၁၆၀၀၀၀) ကျပ်တို့အား ထောက်ပံ့ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ကျေးရွာနေပြည်သူများကိုယ်စား အုပ်ချုပ်ရေးမှူး များမှ အသီးသီး လက်ခံရယူခဲ့ပြီး အိမ်ထောင်စုများအား စနစ်တကျ ပြန်လည်ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စား လှယ် ဒေါ်ပပဟန်၊ ထွေ/အုပ် ဒုဦးစီးမှူး ဦးမြတ်မင်းကိုနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း အင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)