သာကေတ ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၃) မာန်ပြေရပ်ကွက်၊ သုမနလမ်းရှိအမှတ် (၅) အခြေခံပညာမူလတန်းကျောင်းသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းဦးဆောင်သည့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုစိစစ်ရွေးချယ်ရေးကော်မတီမှ ယမန်နေ့ နံနက် (၇) နာရီ ၄၀ မိနစ်အချိန်က လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်ဗိုလ်မှူး သူရိန်ဇော်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝင်း၊ သာကေတမြို့နယ် ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ (၃) မာန်ပြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကြည်နှင့် ဆရာ/ဆရာမများမှ ကြိုဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းဦးဆောင်သည့်အဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)