ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆) အစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (/၂၀၂) အစည်းအဝေးကို မန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ () တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး ဦးကျော်ငြိမ်းက အမှုတွဲများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိစ္စရပ်များဖြင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် စိစစ်တင်ပြလာသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ တွံတေး၊ ကော့မှူး၊ ဒလ၊ ဒဂုံမြို့နယ် (အရှေ့ပိုင်း) နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ရရှိသူ၏ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရေးလျှောက်ထားခြင်း အမှုတွဲ (၁၆) တွဲ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ပျောက်ဆုံးပျက်စီးမှုအား ဒုတိယမူရင်းခွဲထုတ်ပေးရန် အမှုတွဲ (၁၃) တွဲ၊ လယ်ယာမြေအခြားနည်းကိစ္စရပ်အမှုတွဲ (၇၈) တွဲ၊ သီနှံနှင့် မြေယာလျော်ကြေးအမှုတွဲ (၉) တွဲ၊ စုစုပေါင်း (၁၁၆) တွဲအား ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် တက်ရောက်လာကြသူ (အားလုံး) ၏ သဘောတူညီချက်ဖြင့် လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)