ပျော်ဘွယ် ဇန်ဝါရီ ၈
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၈ ရက်၊ နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်း၊ မိမိတို့နှင့် လိုက်လျောညီထွေဖြစ်မည့်စာပေများကို ရွေးချယ်ဖတ်ရှုရန်လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန်ဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေးနံရံကပ် စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးစာအုပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်း သား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)