သင်္ဃန်းကျွန်း ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက် မလိခအိမ်ရာဝန်း အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း Green and Clean သတ်မှတ်နိုင်ရေးတာဝန်ရှိပုဂ္ဂိုလ်များနှင့် အဆိုပါကျောင်းသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီက လာရောက်စစ်ဆေးခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များအား အမှတ် (၁၅) အခြေခံပညာမူလတန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုထွေးက ကျောင်းဥယျာဥ်အတွင်း သဘာဝသစ်ရွက်၊ မြေဆွေး၊ နွားချေးတို့ဖြင့် စိုက်ပျိုးထားသည့် သီးပင်စားပင်များ၊ အလှပန်းပင်များအား လှည့်လည်ကြည့်ရှုပြီး ကျောင်းပထမထပ်ရှိ ကျောင်းစာကြည့်တိုက်၊ ကျောင်းကျန်းမာရေးပြခန်း၊ ဘုရားခန်းနှင့် Recycle ပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြခန်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ နှုက်ဆက်ရှင်းပြသည်များအား ဝန်ကြီးနှင့် အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကျောင်းအသုံးအဆောင်ပစ္စည်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့သည်။ ထို့နောက် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက သစ်ပင်စိုက်ပျိုးရေးအား ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားအောင် ဆောင်ရွက်ရန်၊ ရောင်စုံအမှိုက်ပုံးများတွင် အမှိုက်ခွဲခြားစွန့်ပစ်တတ်စေရန်၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
Green Clean သတ်မှတ်စစ်ဆေးခြင်းသို့ သင်္ဃန်းကျွန်းခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဟန်တင်၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှုး ဦးထလာချုမ်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး