ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေး

ဒဂုံမြောက် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများအား ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးရာတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်း၊ ဦးစီးအရာရှိ ဦးချမ်းအေး၊ ဦးစီးအရာရှိ ဦးမောင်မောင်ငြိမ်းအေးကျော်၊ စစ်ဆေးရေးမှူး - ၁ ဦးပိုင်သက်၊ တပ်ခွဲ (၁) ဦးသူရိန်ထွန်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာထွန်း၊ မြို့နယ်စည်ပင်လမ်းတံတားတာဝန်ခံ အင်ဂျင်နီယာ ဦးစောအောင်နှင့်အတူ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅) ဦးနှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၈) ဆိုင်အား မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ