မော်လမြိုင်ကျွန်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို အ.ထ.က(၂)မှ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်း ဖြင့်ဖွင်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်မှာစကားပြေားကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းက စုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က (၁) ကျောင်းသား/ သူလေးများက “စုံညီပွဲတေယ်တို့နွှဲပျော်” သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ကြပြီး စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများ၊ လူရည်ထူးချွန်ဆုများ ရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ဆုရကျောင်းသား/ သူများအား ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများက “မန္တလာကိုကို”၊ “မှုံရွှေရည်”၊ “မောတို့ပြည်နယ်ရှမ်း”၊ “ပန်းကမ္ဘာမျှော်စင်”၊ “လောကအားမာန်”နှင့် “ပြည်မြန်မာ” စသည့် တေးသီးချင်များဖြင့် သရုပ်ပြ၊ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)