ညောင်ဦးမြို့နယ်၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ညောင်ဦး ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာ ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲက ပန်းမျိုးတစ်ရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်းက ညောင်ဦးမြို့နယ်အတွင်း ပညာရေးအခြေအနေများနှင့် စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များအား ပြောကြားသည်။

ထို့နောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူရည်ချွန်ဆုများနှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များက ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ညောင်ဦးမြို့နယ်ပညာရေးမှူးရုံးမှ ပန်းကလေးများ၏ ဥယျာဉ်မှူးသီးချင်းဖြင့် ကပြဖျော်ဖြေကြကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းဘက်စုံလှုပ်ရှားထူးချွန်ဆုများ၊ မြို့နယ်အဆင့်ဆုရရှိသူများအား ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဒီပါလင်း