ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ် ဓနုဖြူမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဓနုသင်္ခါလမ်းဖွင့်ပွဲနှင့် ဖက်သောင်-သဘောသပြု-သုံးခွ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဓနုဖြူ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တိုင်း၊ ခရိုင်များမှ တာဝန်ရှိသူများနှင့်အတူ ဓနုဖြူမြို့နယ်အတွင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဓနုသင်္ခါလမ်းဖွင့်ပွဲနှင့် ဖက်သောင်-သဘောသပြု-သုံးခွ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့မွန်းလွဲပိုင်းက တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၃)ရပ်ကွက်၊ ဓနု​သင်္ခါလမ်းကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေ းဝန်ကြီး ဦးအောင်စန်းချစ်၊ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်စန်းချစ်နှင့်တာဝန်ရှိသူများက ဓနုသင်္ခါလမ်း ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို ဓနုဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုနှစ်နှင့် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ် (၈၂.၂၀၉) သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ စုစုပေါင်းလမ်းအရှည် (၆၄၈) ပေ၊ အကျယ် (၁၆) ပေ၊ ထု (၈)လက်မရှိကြောင်း သိရသည်။

ထို့နောက် ဓနုဖြူမြို့နယ်၊ သဘောသပြုကျေးရွာ၊ ဖက်သောင်-သဘောသပြု-သုံးခွလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်စန်းချစ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးနန္ဒာစိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဖက်သောင်-သဘောသပြု-သုံးခွလမ်းမှာ ၂၀၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၁၆၅.၈၂၂)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ လမ်းအရှည် ၀/၂မိုင်၊ လမ်းအကျယ် ၁၂ပေ၊ ထု ၇ လက်မရှိကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်