ကျောက်ပန်တောင်းမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် မဲဆန္ဒနယ်ပြင်ပ သွားရောက်မည့်သူများ ကြိုတင်ဆန္ဒမဲပေး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်မည့်သူများနှင့် သင်တန်းတက်ရောက်ရန်နှင့် ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်မည့်သူများ နိုင်ငံသားအခွင့်အ‌ရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရုံးများတွင် ဆောင်ရွက်လျက်ရှိရာတွင် ကြိုတင်ဆန္ဒမဲပေးမည့်သူများ နေ့စဉ်လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ၊ မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းတက်ရောက်ရန်နှင့် ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ရန် လိုအပ်သူများအနေဖြင့် နိုင်ငံသားအခွင့်အ‌ရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရုံးများ၌ ကြိုတင်မဲများ ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)