ကျောက်ဆည်မြို့ အမှတ် (၇) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ် (၇) အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းသား/ကျောင်းသူများအား ကျောင်းစာပညာ တော်ရုံသာမက ဘက်စုံဖွံ့ဖြိုးပြီး နောင်တစ်ခေတ်တွင် ကျရာတာဝန်များ ထမ်းဆောင်ရာ၌ ခေါင်းဆောင်နိုင်သည့် အရည်အသွေးများ၊ အရည်အချင်းများရှိအောင် သင်ကြားပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆာင်များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အတန်းစဉ်အလိုက် ပညာရည်ထူးချွန်ဆုရရှိသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အားကစားပြိုင်ပွဲများ၌ ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရပြီး အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

သက်မောင်(ကျောက်ဆည်)