ခရမ်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော ဆပ်ပြာခဲအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး

ခရမ်း ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရမ်းမြို့နယ်အတွင်းတွင် ဆပ်ပြာခဲအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ခရမ်းမြို့မ‌ဈေးအတွင်းရှိ လက်လီ၊ လက်ကား အရောင်ဆိုင်များတွင် ရောင်းချသော ဆပ်ပြာခဲအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရန် ယခုကဲ့သို့ လာရောက်စစ်ဆေးခြင်းနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များ ရွေးချယ်ဝယ်ယူရောင်းချကြရန် လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ် စားသုံးသူ‌‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်‌ကျော့ကေခိုင်နှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)