ကော့မှူး ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးနေကြကြောင်း သိရသည်။
ထို့သို့ လိုက်လံကြည့်ရှုရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ဌာနဆိုင်ရာများနှင့်အတူ ကျုံလတာ၊ ပုပ္ပါး၊ မှော်တော၊ ဝါးသင်္ခ၊ မဆယ်ဆိပ်၊ ကျိုက်ထော် (မ)၊ ကျိုက်ထော် (တ)၊ အောက်ကျောင်း၊ သမဲ့ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူး၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ကွင်းဆင်းတွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း မဲရုံပြင်ဆင်ထားရှိမှုအခြေအနေ၊ လုံခြုံရေးချထားမှု အခြေအနေ၊ မီးသတ်ဆေးဘူးများ ထားရှိမှုအခြေအနေနှင့် အခြားအုပ်ချုပ်ထောက်ပံ့ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြီး မဲရုံလျာထားသည့် စာသင်ကျောင်းများအား လိုက်လံ၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်သူရ