မိုင်းဖြတ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မဲရုံများအတွက် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မဲရုံတာဝန်ရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စနစ်တကျထုတ်ပေးခြင်း၊ ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ မဲပေးစက်များထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဲရုံပေါင်း(၄၀)အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(၃၈၅)လုံး၊ မဲရုံသုံးပစ္စည်းများကို မဲရုံမှူးနှင့် တာဝန်ရှိသူများထံ စနစ်တကျထုတ်ပေးခဲ့ကြသည်။ ယင်းနောက် မဲရုံအလိုက် မဲရုံအဖွဲ့ဝင်များ၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများကို မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)စုတွင် မဲရုံပေါင်း(၄၀)မှ မဲဆန္ဒရှင်ပြည်သူ (၂၁၇၃၆)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)