ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံမှာကြား

မိုင်းရယ် ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က မိုင်းရယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင် အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးက ရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင် ကြိုတင်ပြင်ဆင်ထားရမည့်အခြေအနေများ၊ မဲပေးရာတွင် စနစ်တကျ မြန်ဆန်မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မဲပေးစက်များ စနစ်တကျ ကိုင်တွယ်ရမည့်အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရက်တွင် မဲရုံမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့်အချက်များနှင့် မဲရုံပိတ်ပြီးနောက် ဆောင်ရွက်ရမည့်အခြေအနေများ၊ ကြိုတင်မဲများပေးခြင်းနှင့် ရေတွက်ရာတွင် ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက္ကဋ္ဌ ဦးစိုးမင်းအောင်က မဲရုံများဆောင်ရွက်ထားမှုအခြေအနေများနှင့် မဲ‌မပေးမီနေ့ရက်၊ မဲပေးသည့်နေ့ရက်များတွင် ပြည်သူများ ဆန္ဒမဲလာရောက်ပေးနိုင်ရေး နှိုးဆော်ရမည့်အစီအမံများကို ဆွေးနွေးပါသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် မိုင်းရယ်မြို့နယ်အတွင်းရှိ မဲရုံများသို့ မဲပေးစက်များ ထုတ်ပေးနေမှုအခြေအနေများနှင့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်ကျေးရွာအုပ်စု၊ နောင်မိုကျေးရွာအုပ်စု၊ လွယ်ငင်းကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)