ကော့မှူးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေး

ကော့မှူး ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း () အတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် ဇရပ်ကုန်းကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ရွာသာယာကျေးရွာ၊ အဖျောက်ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ ကြာကန်ကျေးရွာ၊ ရွာတန်းရှည်‌‌ကျေးရွာ၊ ရေဖြူတွင်းကျေးရွာအုပ်စုရှိမဲရုံများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးနေကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ မဲရုံဖွင့်လှစ်မည့် အခြေခံပညာကျောင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက မဲရုံများ ပြင်ဆင်ထားမှုအခြေအနေ၊ လုံခြုံရေးချထားမှုအခြေအနေ၊ အုပ်ချုပ်ထောက်ပံရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးဘေးလုံခြုံရေးပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်းများ၊ မဲရုံများအား မီးဘေးအန္တရာယ်၊ လျှစ်စစ်မီးမှတစ်ဆင့် မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ