ပင်လုံမြို့ အ.လ.ကခွဲ(၂)​ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ပင်လုံ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို ကျောင်းသား/သူများမှ “တို့ကျောင်းတော်”တေးသီချင်း သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဆရာမဒေါ်သီတာဖြူနှင့် ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးတို့က အသီးသီးအမှာစကားပြောကြားပြီးနောက် ကျောင်းအကျိုးတော်ဆောင် ကော်မတီနာယက ဦးမင်းသူကကျောင်းဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ပညာရည်ချွန်ဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် အ.လ.ကခွဲ(၂) ကျောင်းသား/သူများက တေးသရုပ်ဖော်အက၊ အလှများဖြင့် အစီအစဥ်အတိုင်း ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

​မြို့နယ်(​ပြန်/ဆက်)