ကွန်ဟိန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ မွမ်းမံသင်တန်းဖွင့်လှစ်

ကွန်ဟိန်း ဇန်နဝါရီ ၈

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက နမ့်ပန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ လွိုင်လင်ခရိုင် ရွေးကောက်ပွဲအရာရှိ ဦးသိန်းနိုင်က မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ များအား မိမိတို့တာဝန်ထမ်းဆောင်ကြသည့် မဲရုံများ၌ အခန်းလုံခြုံမှုရှိစေရေး မဲဆန္ဒရှင်များအနေဖြင့် မဲရုံထဲသို့မဝင်ခင် မဲစာရင်းစစ်ဆေးမှုများ၊ မှန်ကန်မှုနှင့်မြန်ဆန်မှုရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာက ဆရာ၊ ဆရာမများအား (MEVM)မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းလက်စွဲပါဘာသာရပ်များဖြစ်သည့် အီလက်ထရောနစ် မဲပေးစက်များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ စက်အားကိုင်တွယ်ခြင်း၊ မဲပေးနေစဥ်အတွင်း အရေးပေါ်ကိစ္စများ ဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို စာတွေ့၊ လက်တွေ့ပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)