ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ပုဇွန်တောင် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းများအနေဖြင့် မိမိတို့တာဝန်ကျရာ ရပ်ကွက်များရှိ မဲရုံများတွင် မဲရုံပြင်ဆင်မှုများအား ကြိုတင်စီမံဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်ပြည်သူများအားလုံး ရာနှုန်းပြည့်မဲပေးနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မဲဆန္ဒရှင်ပြည်သူများ ရာနှုန်းပြည့်မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်