မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး Voter Slip များ တစ်အိမ်တက်ဆင်း ဖြန့်ဝေပေး

ကွန်ဟိန်း ဇန်နဝါရီ ၈

မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအား မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်း Voter Slip များ လိုက်လံဖြန့်ဝေပေးခြင်းကို ရက်ကွက်/ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက ဆက်လက်ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်း Voter Slip များ ဖြန့်ဝေပေးခြင်းနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းအမှတ်စဉ်များ သိရှိထားပါက ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မဲရုံသို့လာရောက်မဲပေးနိုင်ရေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)