လားရှိုးမြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်ခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း အခမဲ့ဆောင်ရွက်‌ပေးမည်ဖြစ်၍ စာရင်းပေးသွင်းနိုင်

လားရှိုး ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်ခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း အခမဲ့ဆောင်ရွက်‌ပေးခြင်းကို  ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ  ကုသဆောင်ရွက်ပေးမည်ဖြစ်၍ စာရင်းပေးသွင်နိုင်ကြောင်း သိရသည်။

ထိုသို့ စာရင်းပေးသွင်ရာတွင် သက်ဆိုင်ရာရောဂါ‌‌ကုသလိုသည့် ပြည်သူများ၊ လူနာရှင်များအနေဖြင့် ယနေ့မှစ၍ ဇန်နဝါရီလ(၁၄)ရက်နေ့အထိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ ပြင်ပလူနာနှင့် ပြင်ပလူနာအထူးကုဌာန(အရေးပေါ်ဌာန)သို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

လူမော်(ပြန်/ဆက်)