ဒေါပုံ ဇန်နဝါရီ ၈
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပဆောင်ရွက်မည့် မဲရုံများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မဲရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် ရပ်ကွက် (၁၄) ခုရှိ မဲရုံ (၃၈) ရုံတွင် မီးချိတ်၊ မီးကပ်၊ ရေပုံးနှင့်သဲပုံးများ စီစဉ်ထားရှိမှု၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်နှင့် အသုံးပြုတတ်စေရေးစီစဉ်ထားရှိမှု၊ မီးကြိုးနှင့်မီးပလတ်ခုံများ ပေါက်ပြဲမှုမရှိစေရေး စီစဉ်ထားရှိမှုနှင့် မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာများကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုးစန္ဒာ (ပြန်/ဆက်)