နမ့်စန်မြို့ အထက(ခွဲ)လွိုင်ငင်းကြီးတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

နမ့်စန်(တ) ဇန်နဝါရီ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဝမ်ပိန်းကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာရှိ အ.ထ.က(ခွဲ)လွိုင်ငင်းကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ပညာရေးစုံညီပွဲတော်”သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မတ်ကျန်းပြည်သူ့စစ်ဌာနေအဖွဲ့မှ ပညာရေးတာဝန်ခံ ဦးခွန်ထွန်းစံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(ခွဲ)(လွိုင်ငင်းကြီး)တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်ဟေသာထိုက်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မတ်ကျန်းပြည်သူ့စစ်ဌာနေအဖွဲ့မှ ပညာရေးတာဝန်ခံ ဦးခွန်ထွန်းစံ၊ အ.ထ.က(ခွဲ)လွိုင်ငင်းကြီးတာဝန်ခံ ကျောင်းအုပ်ဆရာမ ဒေါ်ဟေသာထိုက်နှင့် တာဝန်ရှိသူများက  မြို့နယ်အဆင့် ပြိုင်ပွဲများတွင် အားကစားနှင့်ဘာသာရပ်ထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အ.ထ.က(ခွဲ)လွိုင်ငင်းကြီး(ပန်လင်း)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနား သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)