ထန်းတပင် ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) (၆၈၉) လုံးတို့ဖြင့် မြို့နယ်အတွင်းအောင်မြင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ မဲပေးရာတွင် အဆင်ပြေချော့မွေ့စွာ မဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATION တပ်ဆင်စစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသလို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) (၆၈၉) လုံးတို့ကိုလည်း သတ်မှတ်မဲရုံများအလိုက် ထားရှိရေးတာဝန်ရှိသူများက
စီစဥ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထို့အပြင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများအား စက်များကိုင်တွယ်အသုံးပြုနည်း၊ မဲပေးစက်အသုံးပြုပုံအဆင့်ဆင့်နှင့် တပ်ဆင်ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း အခြေအနေများကို
ရှင်းလင်းပြသပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်