ငါန်းဇွန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပျော်ရွှင်စွာကျင်းပ

ငါန်းဇွန်  ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အမှတ်()ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ() ရက် နံနက်()နာရီက အမှတ်()ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်()ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း ကျောင်းသား ကျောင်းသူများမှ ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး၊ ဒေါ်လှယမင်းနွယ်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အမက(၃) ကျောင်းအုပ်ဆရာမကြီးဒေါ်စုက ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇေယျာလင်းမှ ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဆုရရှိသူများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့် ပေးခဲ့သည်။ ယင်းနောက် -မ-က() အခြေခံပညာမူလတန်းကျောင်း ကျောင်းသား ကျောင်းသူလေးများက အေရိုဗစ်အကများ၊  “မြန်မာ့ကျောင်းသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်ကို “မြန်မာတစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ အ-မ-က(၃)အခြေခံပညာမူလတန်းကျောင်းအနေဖြင့် မိဘ၊ ဆရာ၊ ဆရာမများဖြင့် စည်းလုံးညီညွတ်စွာ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ သာမက မိဘပြည်သူများပါ ပျော်ရွှင်ကြည်နူးခဲ့ရကြောင်း” ကျောင်းအုပ်ဆရာမကြီး ဒေါ်စုထံမှ သိရသည်။

ကိုကိုနိုင် (ပြန်/ဆက်)