ငါန်းဇွန်မြို့နယ်၌ ပုညပါရမီ နေ့စဉ်ဆွမ်းလောင်းအသင်းကြီး၏ (၄၂) ကြိမ်မြောက် မဟာစာရေးတံမဲလောင်းလှူပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲ ကျင်းပ

ငါန်းဇွန် ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့ ပုညပါရမီ နေ့စဉ်ဆွမ်းလောင်းအသင်းကြီး၏ (၄၂) ကြိမ်မြောက် မဟာစာရေးတံမဲလောင်းလှူပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ()ရက်၊ နံနက်()နာရီက စတင်၍ မြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေး အပါး(၂၂၀)တို့အား နိဗ္ဗာန်ရည်မျှော် ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

မဟာစာရေးတံမဲလောင်းလှူပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲကို ငါန်းဇွန်မြို့၊ မြို့မဈေးအနီးရှိ ပုညပါရမီ နေ့စဉ်ဆွမ်းလောင်းအသင်းကြီး၏ အဆောက်အဦရှေ့တွင် ဇန်နဝါရီလ()ရက်၊ နံနက်()နာရီတွင် စတင်လောင်းလှူခဲ့ရာ ရဟန်းသံဃာတော်(၈၇)ပါး၊ သာမဏေ(၉၈)ပါးနှင့် သီလရှင်ဆရာကြီး/ ဆရာလေး (၂၅)ပါး ကြွရောက် အလှူခံယူတော်မူကြကြောင်း သိရသည်။ မဟာစာရေးတံမဲလောင်းလှူပူဇော်ရာတွင် စေတနာရှင် ပြည်သူအများထံမှ အလှူခံရရှိ ငွေစုစုပေါင်းကျပ်(၂၀၆)သိန်းကျော်၊  သင်္ဃန်းနှင့် ပစ္စည်းမျိုးစုံ (ကာလပေါက်ဈေး) ကျပ်သိန်း (၁၅၀)ကျော်ခန့်တို့အား မဟာစာရေးတံမဲများ ပြုလုပ်လျက် ရဟန်းသံဃာတော်များ၊ သာမဏေများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ကြည်ညိုဖွယ်ရာ လှူဒါန်း ဆက်ကပ်ပူဇော်နိုင်ခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)