ကျောက်ပန်းတောင်းမြို့၌ (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၉

မန္တလေးတိုင်းဒသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် အသုံပြုရန်အတွက် (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(ကျောက်ပန်းတောင်း)ရှိ WORKSHOP အဆောက် အဦတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိသည်။

ညောင်ဦးခရိုင် ရွေးကောက်ပွဲအရာရှိ ဦးနေမျိုးဝင်း၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်တို့၏ ကြီးကြပ်မှုဖြင့် မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု  ၃ အုပ်စုရှိ မဲရုံ ၃၈ ရုံအတွက် မဲပေးစက်များဖြစ်သည့်မဲပေးစက်၊ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့်မဲပေးချက်ဖော်ပြစက်များနှင့် မဲရုံသုံးပစ္စည်းများကို စတင်ထုတ်ပေးနေခြင်း ဖြစ်သည်။ အဆိုပါ မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် မဲရုံမှူး/ဒုတိယ မဲရုံမှူး ဆရာ/ဆရာမများမှ စနစ်တကျထုတ်ယူနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ မဲရုံသုံးပစ္စည်းများ ဇန်နဝါရီ ၁၀ ရက်နေ့အထိ ကျန်ရှိမဲရုံများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)