တံတားဦးမြို့နယ်၌ ဒို့အတူတူ မဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

တံတားဦး ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အသက်(၁၈)နှစ်နှင့်အထက် ခရီးသွားပြည်သူများအား ဒို့အတူတူ မဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက တံတားဦးမြို့အဝင်တွင် အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။

အဆိုပါလက်ကမ်းစာစောင်ဖြန့်ဝေရာသို့ တံတားဦ;ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြသည်။

တံတားဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူအားလုံပါဝင်ပြီး လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး၊ မြို့နယ်အတွင်း မဲဆန္ဒရှင် ပြည်သူများ ရာနှုန်းပြည့်မဲပေးနိုင်ရေးတို့ကို ရည်ရွယ်ကာ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို အမဲ့ဖြန့်ဝေပေးကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)