မိုင်းယောင်း ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မဲရုံအလိုက် MEVM မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့က စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မဲရုံအလိုက် MEVM မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးနေမှု၊ မဲရုံအလိုက် တပ်မတော်လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ အရပ်ဘက်မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးနေမှုများကို ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)