‎မဟာအောင်မြေမြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေ‎

မဟာအောင်မြေ ဇန်နဝါရီ  ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေများ၌ ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းဖြန့်ဝေမှုကို မဟာအောင်မြေမြို့နယ်ရှိ (၁၈)ရပ်ကွက်အတွင်း ရန်၊ မန်းလမ်း၊ ၃၈ လမ်းထောင့် ခရီးသွားပြည်သူများနှင့် လူစည်ကားသည့်နေရာများ၌ “ရွေးကောက်ပွဲတွင် ဒို့အတူတူမဲပေးကြမယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်မှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အများပြည်သူများအား ဆန္ဒမဲပေးနိုင်စေရန် “ရွေးကောက်ပွဲတွင် ဒို့အတူတူမဲပေးကြမယ်” ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း