မိုင်းယောင်း ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းပါဝင်သည့်မဲရုံ၌ သတ်မှတ်အချိန်အတွင်း မဲပေးနိုင်ရေး နှိုးဆော်ခြင်း၊ ရွေးကောက်ပွဲတေးသီချင်းများ ဖွင့်ပေးခြင်း၊ မဲစာရင်းအမှတ်စဉ် Door to Door ဖြန့်ဝေခြင်းတို့ကို ရပ်ကွက်/ကျေးရွာအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)