ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ကျွမ်းကျင်မှုအတတ်ပညာ (Job Ready Skills) သင်တန်းဖွင့်လှစ်

ရန်ကုန် ဇန်နဝါရီ ၉

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ကျွမ်းကျင်မှုအတတ်ပညာ (Job Ready Skills) သင်တန်းဖွင့်ပွဲကို ယမန်နေ့က သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ်အနုပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး အခြေခံလျှပ်စစ် ကျွမ်းကျင်မှုသင်တန်းမိတ်ဆက်ခြင်းကို ရူပဗေဒဌာန ပါမောက္ခ (ဌာနမှူး) ကလည်းကောင်း၊ သဘာဝမြေဩဇာထုတ်လုပ်ခြင်းသင်တန်းမိတ်ဆက်ခြင်းကို ရုက္ခဗေဒဌာန ပါမောက္ခ (ဌာနမှူး) ကလည်းကောင်း၊ မြေဆီလွှာတိုင်းတာခြင်းသင်တန်းမိတ်ဆက်ခြင်းကို ဘူမိဗေဒဌာန ပါမောက္ခ (ဌာနမှူး) ကလည်းကောင်း အသီးသီးမိတ်ဆက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ