ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောက်မျက်ရတနာအလှဆင်ဖန်တီးခြင်းလက်မှုပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပုဇွန်တောင် ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောက်မျက်ရတနာအလှဆင်ဖန်တီးခြင်း လက်မှုပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၄) ခရိုင်မှ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မော်မော်သန်းက သင်တန်းနည်းပြဆရာမများအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကို ကြည့်ရှု၍ ရင်းနှီးစွာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇန်နဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့ထိ ၄ ရက်တိုင် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၄ နာရီခွဲအထိ သင်တန်းနည်းပြဆရာမ ဒေါ်နန်း၊ ဒေါ်ဂျာဒိန်ကိုင်နှင့် ဒေါ်ဂျာစင်တို့မှ သင်တန်းသူ (၃၅) ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်