ရန်ကုန် ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ /သားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ သတ်မှတ်နေရာအသီးသီးတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်စောဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများ၊ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များက ဒေါပုံမြို့နယ်၊ ဒေါပုံဈေးရှေ့တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ YBS မော်တော်ယာဉ်များနှင့် ပြည်သူများအား လက်ဝယ်အရောက် "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး ဒေါပုံဈေးအတွင်း ဈေးရောင်းနေသူများနှင့် ဈေးဝယ်လာပြည်သူများအား လက်ဝယ်အရောက် "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းရှိ မဲရုံ (၁) နှင့် (၂) ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးရှေ့တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ YBS မော်တော်ယာဉ်များနှင့် ပြည်သူများအား လက်ဝယ်အရောက် "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး ပုဇွန်တောင်ဈေးအတွင်း ဈေးရောင်းနေသူများနှင့် ဈေးဝယ်လာပြည်သူများအား လက်ဝယ်အရောက် "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် တောင်ဥက္ကလာပမြိုနယ်၊ နန္ဒဝန်ဈေးရှေ့တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ YBS မော်တော်ယာဉ်များနှင့် ပြည်သူများအား လက်ဝယ်အရောက် "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး နန္ဒဝန်ဈေးအတွင်း ဈေးရောင်းနေသူများနှင့် ဈေးဝယ်လာပြည်သူများအား လက်ဝယ်အရောက် "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)