ထန်းတပင် ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြိုနယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင်ရန်ကုန် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာမဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော် အမှတ် (၂) ရပ်ကွက်မဲရုံ၊ အတွင်းသဲဖြူကျေးရွာမဲရုံနှင့် ကျိုက္ခနာကျေးရွာမဲရုံတို့တွင် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မဲရုံမဖွင့်မီကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များ၊ မဲပေးနေစဥ်နှင့် မဲရုံပိတ်သိမ်းချိန် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဇင်မင်းထိုက်