သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံစေတီတွင် သံဃာတော်နှင့် သီလရှင် (၂၃၀) ပါးတို့အား နှမ်းမနဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်မည်

သင်္ဃန်းကျွန်း ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သည့် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား (၂၃-၁-၂၀၂၆) ရက်နေ့မှ (၁-၂-၂၀၂၆) ရက်နေ့ထိ (၁၀) ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် (၁-၂-၂၀၂၆) ရက်နေ့ ၁၃၈၇ ခုနှစ် တပို့တွဲလပြည့်နေ့ ညနေ ၃ နာရီတွင် စေတီတော်ရင်ပြင်၌ သံဃာတော်နှင့်သီလရှင် (၂၃၀) ပါးတို့အား နှမ်းမနဲနှင့် ဆွမ်းဆန်စိမ်းတို့အား သက်ဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ ကုသိုလ်ရှင်များနှင့် စေတီတော်ဂေါပကအဖွဲ့တို့မှ လောင်းလှူသွားမည်ဟု သိရသည်။

ဇော်မိုး