ကော့မှူးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ရပ်ကွက်၊ ကျေးရွာများသို့ ထုတ်ပေး

ကော့မှူး ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို ယမန်နေ့ နံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရပ်ကွက်/ကျေးရွာများအား စတင်ထုတ်ပေးနေကြောင်း သိရသည်။

ထိုသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ရပ်ကွက်/ကျေးရွာများသို့ ထုတ်ပေးနေမှုအခြေအနေကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုကာလိုအပ်သည်များကို ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး‌နေကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် မဲရုံပေါင်း (၁၂၀) ရုံရှိပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စုစုပေါင်း (၅၄၅) လုံးအား ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးထုတ်ပေးနေကြောင်း သိရသည်။

ကျော်သူရ