အိမ်မဲ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မဲရုံများအတွက် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မဲရုံတာဝန်ရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စနစ်တကျထုတ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ မဲပေးစက်များထုတ်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်ဗိုလ်မှူးအောင်သွင်စိုးတို့က ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဲရုံပေါင်း(၅၆)ရုံအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(၂၇၇)လုံးကို တာဝန်ရှိသူများထံ စနစ်တကျထုတ်ပေးခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၇)အုပ်စုတွင် မဲရုံပေါင်း(၁၁၂)ရုံမှ မဲဆန္ဒရှင်ပြည်သူ (၁၃၁၆၅၀)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)