မိုင်းရှူးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Voter Slip များအား ရပ်ကွက်နေပြည်သူများထံသို့ ထုတ်ပေး

မိုင်းရှူး ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီက ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ အမှတ်(၁၊ ၂)ရပ်ကွက်နေပြည်သူများထံ Voter Slip များအား ထုတ်ပေးလျက်ရှိသည်။

အဆိုပါ Voter Slip များအား ရပ်ကွက်နေပြည်သူများထံ ထုတ်ပေးနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်တို့က သွားရောက်ကြည့်ရှုခဲ့ပြီး Voter Slip များ ထုတ်ယူ‌နေသည့် ရပ်ကွက်နေပြည်သူများအား မဲပေးမှုသိရှိစေရေးနှင့် မဲပေးစက်အသုံးပြုပုံ လွယ်ကူမှန်ကန်အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)