အိမ်မဲ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊လုံခြုံရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့်ခရီးသွားရန် ရှိသူများအား ဇန်နဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် အိမ်မဲမြို့နယ်ချောင်းဝရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံး အထက်ပိုင်းရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး စာချွန်ခံရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုဆင်ဆန္ဒမဲပေးနေမှုအခြအနေများအားကြည့်ရှုပြီး ကြိုတင်ဆန္ဒမဲပေးနေသူအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများအား ဥပဒေ၊ နည်းဥပဒေများ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အိမ်မဲမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဇန်နဝါရီလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ (၁၀၃၁) ဦး ကြိုတင်ဆန္ဒမဲများ ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချစ်သက်လယ်