ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်တာဝန်ရှိသူများ ဖျာပုံမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြည့်ရှုအားပေး

ဖျာပုံ ဇန်နဝါရီ ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းနှင့်တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အတွင်း မဲရုံတာဝန်ကျဝန်ထမ်းများနှင့်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှုအား ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းသည် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့်အဖွဲ့ဝင်များလိုက်ပါလျက် ဖျာပုံမြို့၊ အမှတ်(၁၂)ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်များတွင် မဲရုံတာဝန်ကျဝန်ထမ်းများ၊ ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြည့်ရှုအားပေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များအား လိုအပ်သည်များကို လမ်းညွှန်မှားကြားသည်။

ဖျာပုံမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စု၌ မဲရုံပေါင်း (၁၇၇) ရုံအား ဆန္ဒမဲပေးရန် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်