ကြည့်မြင်တိုင်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ

ကြည့်မြင်တိုင် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပန်းခြံရှေ့၌ ယမန်နေ့ နံနက် ၈ နာရီက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် အလုံခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ရွေးကောက်ပွဲအသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း (၂) ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေးအစီအစဥ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)