မိုင်းရှူး ဇန်နဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉) နာရီက အခြေခံပညာအလယ်တန်းကျောင်း(ဝမ်ကန်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းစည်းကမ်းအကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက ဗလငါးတန်အကြောင်းနှင့် အားကစားအမျိုးမျိုးပြုလုပ်ခြင်းကြောင့်ရရှိသည့်အကျိုးကျေးဇူးများ ဟောပြောသည်။
ယင်းနောက် နည်းစနစ်မှူး ဦးကျော်ဝင်းက ကျောင်းအုပ်ဆရာမကြီးထံ ဘောလုံး(၁)လုံး ဘော်လီဘော(၁)လုံး၊ ပိုက်ကျော်ခြင်း(၁)လုံး ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)